Thursday 30 December 2010

မုသားမပါ ချစ်ကြပါ



ဒီနေ့ဟာ ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်... ကျနော်ဟာဒီအကြောင်းလေးကိုေ၇းဖို ပြင်နေတာ
ကြာခဲ့ပါပြီ.....သို့သော် မရေးဖြစ်တာတခြားမဟုတ်ပါ.....ကျနော်တို့တိုင်းပြည်မှာ အကြောင်းကြောင်းတွေကြောင့် စားဝတ်နေရေးကျပ်တည်းခြင်းကို အဆင်ပြေစေရန်အလို့ငှာ..တခြား
ပြောရသော်ငွေများများ၇ဖို့..သူဋ္ဌေးဖြစ်ဖို့ဆိုပြီး...နိုင်ငံခြားထွက်အလုပ် လုပ်ကြပါတယ်....ကိုယ်တတ်တဲ့ ပညာနဲ့ အလုပ်လုပ်ရတဲ့ နိုင်ငံတွေရှိသလို..ပညာတတ်ပေမယ့် အခြေခံအလုပ်သမားအလုပ်တွေကိုလုပ်ရတဲ့နိုင်ငံတွေလည်းရှိပါတယ်....အခုရောက်နေတဲ့နိုင်ငံပေါ့လေ
.....ကျနော် ယခုနေတဲ့နိုင်ငံဟာ အင်တာနက်ကိုမြန်နှုန်းမြင့် အသုံးပြုနိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်....။
ကမ္ဘာနံပါတ်၁ ဆိုတဲ့ အမေရိကန်တောင်..အင်တာနက်မြန်နှုန်းဟာအဆင့် ၂သာရှိပါတယ်တဲ့....ကိုယ်
ပိုင်ကွန်ပျူတာသုံးနိုင်တဲ့ သူတိုင်းဟာအလုပ်ပြီးတာနဲ့ အင်တာနက်ကနေပြီးအလွမ်းပြေမြန်မာ၇ုပ်ရှင်တွေကြည့်...အချိုကလည်းဂိမ်းဆော့..ချက်တင်ဝင်ကြ
ပေါ့လေ...ချက်တင်က နေပြီး သူငယ်ချင်း မိတ်ဆွေတွေဖြစ်ကြသလို...ချစ်သူရည်းစားတွေလည်း ဖြစ်ကြပေါ့....ဘယ်မှာနေမှန်းမသိ...ဘာလုပ်မှန်းမသိ....အလကားပြောလို့ရတဲ့ ချစ်တယ်ဆိုတဲ့ စကား တခွန်းနဲ့ သာယာနေကြတာ..အမှန်တကယ်တွေ့ပြီး လက်ထပ်ကြတဲ့ သူတွေရှိသလို လိမ်ညာ
တာတွေကြောင့် ဘ၀ပါပျက်သူတွေ လည်း ရှိပါတယ်.......ကဲကျနော်ပြောချင်တဲ့အကြောင်းလေး
ဆက်ပြောတာပေါ့လေ.....
ကျနော်ဟာမြန်မာပြည်ကို၂၀၁၀ခုနှစ်မှာ...သကြန်အငွေ့အသက်တွေကို ခံစားချင်လို့ တခါပြန်ခဲ့
ပါတယ်...အနည်းငယ်ရတဲ့ ခွင့်ရက်ကြောင့် ခဏတာနေခဲ့၇ပါတယ်....ကျနော်ပြန်လာတဲ့ နေ့ကလေ
ယာဉ်ပေါ်ကသူများ မိသားစုတွေကိုကြည့်ပြီး မျက်ရည်လည်နေတုန်း..ဘေးမှာထိုင်တဲ့ ကလေးမလေးရဲ့ စကားကြောင့် အရှိန်သတ်လိုက်ရပါတယ်...“.အကိုဘာလို့ငိုနေတာလဲတဲ့.”.ကျနော်လဲ
“အိမ်ကိုသတိ၇လို့ပါ ”လို့ပြောလိုက်ပါတယ်.“.အကိုကဘယ်အထိသွားမှာလဲ”လို့ သူကမေးပါတယ်..
ကျနော်က ကိုရီးယားထိသွားမှာလို့ ပြောလိုက်တယ်..သူက အတော်ဘဲ ကျမတို့လဲ အဲဒီကိုသွားမှာလို့
သူကပြောတယ်...အကိုကအဲဒီမှာနေတာကြာပြီလားလို့မေးတယ်ကျနော်လဲကြာပြီလို့ပြောလိုက်
တယ်..ကျနော်ကဆက်ပြီးညီမက ဘာသွားလုပ်မှာလဲလို့ မေးတော့ သွားလည်မှာလို့ပြောတယ်...
ကောင်းပါတယ်လို့ကျနော်ကပြောပြီး..ခဏတိတ်ဆိတ်နေလိုက်ပါတယ်.....
ထိုင်းလေဆိပ်ကိုရောက်လို့..နောက်လေယာဉ် ပြောင်းမစီးခင်မှာ အဲဒီမိန်းကလေးရဲ့ အင်တာဗျူးအတော်များများကိုကျနော်ဖြေခဲ့ရပြီး..သူ့ကိုမေးတော့မှ သူတို့လာတဲ့ ဖြစ်ကြောင်းရယ်
ကုန်စင်ကိုကျနော် သိခဲပြီး.....အလွန်တရာမှအံသြခဲ့ရပါတယ်....သူကကျနော့်ကို..မေးတာတွေက
ကိုရီးယားမှာမိန်းကလေးတွေ အလုပ်လုပ်၇တာ အဆင်ပြေလား....တလဘယ်လောက်လောက်ရလဲ။
အလုပ်နဲ့ပါတ်သက်တာတွေအကုန်ပေါ့လေ..အဲဒီမှာကျနော်ကပြန်မေးတော့မှ သူတို့သိတဲ့ အကြောင်းအရာ အတော်များများဟာ မုသားတွေဖြစ်နေတာကို ကျနော်သူတို့ကိုဘယ်လို ပြောရက်တော့မလဲ..သူပြောတာက....သူဟာ...သူ့သူငယ်ချင်နဲ့ ကို၇ီးယားကိုအလည်ဗီဇာ နဲ့လာတာပါတဲ့..ကိုရီးယားကိုရောက်တဲ့ အခါ သူသူ့ငယ်ချင်းရဲ.ချစ်သူက လေဆိပ်မှာလာကြိုပြီး
သူတို့ပြေးကြမှာ ဖြစ်ကြောင်း....အင်ချွန်းလေဆိပ်မှာပြေးလို့မ၇၇င်..လည်ပါတ်တဲ့နေ၇ာတွေမှာ
အခွင့်သာရင်ပြေးမှာဖြစ်ကြောင်း..သူ့သူငယ်ချင်းကောင်လေးဆီမှာခဏ သူတို့နေကြပြီး အလုပ်ရရင်
အလုပ်လုပ်ပြီးနေမှာလို့ပြောပါတယ်.....ကျနော်ကညီမတိုတရားမ၀င် နေရမှာနော်လို့ ပြောတော့
သူဋ္ဌေးက နေလို့၇အောင်ကပ်ပြားတွေ လုပ်ပေး ထားမှာလို့ ပြောပါတယ်....အဲဒီမှာစလွဲတော့ တာပါ။
ကျနော်ကအရိပ်အမွက်ပြောပြပါတယ်....ကိုရီးယားမှာဘယ်သူဋ္ဌေးကမှတရားမ၀င်နေတဲ့သူကို
နေလို့၇အောင်ကပ်ပြားလုပ်ပေးလို့မရပါ...မဟုတ်တော့ဘူးထင်ပြီးကျနော်က ကျနော်ထပ်ပြီးစပ်စု
မိပါတယ်...ညီမသူငယ်ချင်းကအဲဒီကကောင်လေးနဲ့ ချစ်နေတာကြာပြီလားပေါ့သူကမကြာသေးဘူးတဲ့..အွန်လိုင်းမှာတွေ့တာတဲ့လေ..အောင်မလေးဗျာ...
ကောင်လေးက ကိုရီးယားမှာဘာလုပ်လဲမေးတော့....မြန်မာဆိုင်ပိုင်တယ်လို့ပြောပါတယ်...ဆိုင်နာမည်မေးတော့
မသိဘူးတဲ့....ကဲဘာလုပ်မလဲ...သူတို့ကတော့ ပျော်နေကြတယ်လေ..ကိုရီးယားကပျော်စရာကြီး
မဟုတ်ဘူးလားတဲ့..ကျနော်ရယ်နေရုံကလွဲ ပြီးမဖြေမရှိပါဘူး......ကျနော်လဲ သူတို့ကိုကိုရီးယားမှာ
လိုအပ်ရင်ဆက်သွယ်ဖို့ကျနော့် ဖုံးနံပါတ် ပေးထားပြီးကိုရီးယားရောက်တော့ လေဆိပ်မှာ လမ်းခွဲခဲ့ပါ
တယ်.....
ကျနော်သူတို့ပေးထားတဲ့ကောင်လေးဖုံးနံပါတ်နဲ့ ဆက်သွယ်ကြည်တော့ ကောင်းလေးက ဆိုင်ပိုင်
တာမဟုတ်ဘဲနဲ့ သူငယ်ချင်းဆိုင်ကိုအလုပ်ပိတ်၇က်မှာလာပြီးကူရောင်းပေးတာပါတဲ့လေ........
သူတို့ အဆင်ပြေပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်....
ကျနော်တို့နိုင်ငံမှာအခုလက်ရှိမှာကိုရီးယား မှကိုရီးယားဖြစ်နေချိန်ပါ...ရုပ်ရှင်တွေ..သီချင်းတွေကြည့်
အတုခိုး...ကိုရီးယားစတိုင်တွေလုပ်....ရုပ်ရှင်ထဲကလိုအပြင်မှာမဟုတ်တာတွေကို မသိကြဘူးလေ..
နှင်းတွေတဖွဲဖွဲမှာ ဇိမ်နဲ့ နေလို့မ၇ပါဘူး..မနက်ကစလို့ညထိ အလုပ်လုပ်နေကြရတာပါ....ငွေကိုလွယ်
လွယ်နဲ့ရနေတာလဲမဟုတ်ပါဘူး....ငွေဈေးတွေကျလို့ ယနေ့ပေါက်ဈေးအရ ကိုရီးယားငွေ တစ်သိန်း
လေးသောင်းရှိမှမြန်မာပြည်ကိုငွေတစ်သိန်း ပို့လို့ ၇တဲ့အချိန်ပါ.....
ကိုရီးယားကိုလာတဲ့ တခြားနိုင်ငံက တရားဝင်အလုပ်လာလုပ်တဲ့ မိန်းကလေးတွေလဲ ရှိပါတယ်....ကျနော်တို့နိုင်ငံကမိန်းကလေးအလုပ်နဲ့မလွတ်တာအတော်ကောင်းပါတယ်...ဒီကိုတရား
မ၀င်လာ တရားဝင်နေ၇ဖို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆိုတာမျိုးကိုတော့ မလုပ်ပါနဲ့လို့ ပြောပါ၇စေ။
သူတို့နိုင်ငံသားနဲ့လက်ထပ်ရင်လဲ သူတို့နိုင်ငံက မိန်းမတွေမသုံးတဲ့ ကိုရီးယားသားတွေကိုသာရမှာပါ
ရိုင်းစိုင်းတဲ့ သူမျိုးတွေနဲ့တွေ့လို့ အိမ်ထောင်ကျပြီးမှ ကွဲကြ နှိပ်စက်ခံ၇..ပြောတော့သူဋ္ဌေးကွန်တိန်
နာနဲ့နေပြီး အကြွေးတွေဝိုင်းလို့ ထွက်ပြေးနေတဲ့ကိုရီးယားသားတွေလည်းရှိပါတယ်...။
မြန်မာမိန်းကလေးတွေအနေနဲ့ ကိုရီးယားကိုစိတ်ဝင်စားလို့ လာချင်ရင် ငွေရှိရင်အလည်လာပါ...
ကျောင်းတက်ချင်ရင်တက်ပါ....အလုပ်လုပ်ချင်လို့ဆိုပြီးမလာစေချင်ပါဘူး..ဒီလာလိုကုန်မယ်.ငွေကို
မြန်မာပြည်မှာ...ဒီလောက်မရပေမယ့်....နေ့စဉ်ဝင်ငွေရဖို့ရင်းနှီးစေချင်ပါတယ်.....
ကိုရီးယားကကိုယ်တော် များကလည်းချက်တင်မှာကြွားဝါမနေဘဲ..အရှိကိုအရှိအတိုင်းပြောပါ.....
သူတို့နိုင်ငံမှာလွတ်လပ်တာသူတို့ အတွက်ပါ....ကျနော်တို့ပျော်နေရတယ်ဆိုတာငွေသုံးရနေတာတွေ
ဟာခဏတာအပျော်အတုတွေပါ..ကိုယ့်နိုင်ငံပြန်ရောက်လို့ငွေရှိမှ၇င်းနှီးစားနိုင်မှ ပျော်ရွှင်ခြင်းအစစ်
အမှန်တွေကို ရမှာပါ.....ကျနော်တို့ စိတ်အပန်းဖြေတဲ့ အင်တာနက်ကနေပြီးတော့လည်း...လိုအပ်လျှင် ..ချက်တင်ဝင်..မုသားကင်းစင်..ချစ်ကျွမ်းဝင်နိုင်ကြ
ပါစေလို့ ပြောရင်း....၂၀၁၁ခုနှစ်ကို ကြိုဆိုလိုက်ပါတယ်........
ကျနော့်စာမျက်နှာကိုလာရောက်ကြတဲ့ မိတ်ဆွေအပေါင်း နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏
ကျန်းမာခြင်းတို့ဖြင့် ပြည်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.....

သို့ ၂၀၁၁ မှ၂၀၁၀


မကြာခင်မှာဘာလိုလိုနဲ့ ၂၀၁၁ခုနှစ် ဆိုတဲ့နှစ်တစ်နှစ် ကိုကူးပြောင်းတော့မယ်...။
ဒီဇင်ဘာ၂၀၁၀ရဲ့ နောက်ဆုံးလ....ရာသီဥတုကလည်း ဒီနှစ်ပိုအေးပါတယ်တဲ့......လက်ရှိ
နေတဲ့ အရပ် ပါတ်ဝင်းကျင်က အဖြူရောင်တွေကြီးစိုးလို့ နေပါတယ်..နှင်းတွေကျထားလို့လေ..
ကျနော်တို့၂၀၁၀ မှာဘယ်လိုအကျိုးအမြတ်တွေရရှိခဲ့ပါသလဲ...ဘယ်လိုအတွေ့အကြုံ တွေ ရရှိ ခဲ့သလဲ
မေးစရာတွေတွေးစရာတွေ.......ကျနော်တို့ဘာပြောရမလဲ......လောကကြီးမှာ အားလုံးကောင်းဖို့ဆိုတာမဖြစ်နိုင်သလို..အဆိုးတွေကိုလဲဝေမျှခံစား ဖို့ဆိုတာ ကတော့ဖြစ်သမျှကို
ရင်ဆိုင်လိုက်ယုံဘဲလို့ ပြောရုံနဲ့ပြီးမှာလား.....ဖြစ်ချင်တာတွေလဲ မဖြစ်သလို..မဖြစ်ချင်တာတွေကလည်း ဖြစ်ချင်ဖြစ်လာတာပါဘဲ..တရားဓမ္မ အဆုံးအမနဲ့ နှလုံးသွင်း
ပြီး စိတ်အေးချမ်းသာဖို့ ဆိုတာကို လက်တွေ့ လုပ်ယူဖို့က ကိုယ်တိုင်ကိုယ်ကျအသိစိတ်နဲ့ လုပ်ယူမှ
ဖြစ်မှာပါလေ.....
သက္ကရာဇ် ကသူဘာသာသူနေတာပါ..ဘယ်သူ့ကိုမှရန်မရှာဘူး..ဘယ်သူတွေဘာဖြစ်စေ....ဘယ်
သူဘယ်ဝါတွေ ညာဖြစ်စေမပြောဘူး....တနှစ်သူ့ဘာသာသူပြောင်းသွားတာပါ..လူတွေကသာ...
မနှစ်ကပေါ့...ဟိုတနှစ်ကလေ..၂၀၁၀တုန်းကအစရှိသဖြင့် ကောင်းတာတွေကော ဆိုးတာတွေပါ..
သက္ကရာဇ်ကိုဆွဲထည့်ကြတာပါ....
၂၀၁၀ မရောက်ခင်က ပြောကြတယ်၂၀၁၀ေ၇ာက်ရင်ဘာဖြစ်မှာတဲ့.....ဘာပွဲတွေပြီးရင်.....
ဘာတွေဖြစ်မှာတဲ့ စုံနေအောင်ပြောကြ....လူတွေမှာ..ဟိုဟာလုပ်ရနိုးနိုး..ဒီဟာကောင်းနိုးနိုး..အမျိုး
မျိုးတွေကို..စုံနေအောင်တွေ့ကြုံရတယ်.....တွက်ချေကိုက်အောင်လုပ်ကြတယ်..တွက်ချေမကိုက်
တော့ သည်းချေခိုက်ပြီး ရူးမတတ်ခံစားကြ၇တယ်..အချို.လည်းဝိဥာဉ် ပျောက်ကြတယ်.....
ဘ၀ကူးလေးကောင်းအောင်....လက်ရှိမှာအဆင်ပြေအောင်....ဗေဒင်ကိန်းခန်းတွေကြည့်..ယတြယာ
ချေလိုချေ။ ထီလေးပေါက်ရင် အကျပ်အတည်းကလွတ်ပြီဆိုပြီး ကံကိုယုံကြ....ဆူးပုံမနင်းနဲ့ ဆိုတာတောင်..နင်းချင်သေး.....ထွက်ပေါက်မတွေ့လို့..ဒီသံသရာထဲမှာ..နေကြရသူတွေအဖို့စိတ်အေး
ချမ်းသာရှိဖို့ ဆိုတာ.....ဘယ်လိုရှိကြမလဲ...သူ့ဟာနဲ့သူ....သူ့အပြစ်နဲ့သူ..သူ့အကြောင်းနဲ့သူ လို့သာ
ပြောလိုက်တော့မယ်.....ကဲလာမယ့်၂၀၁၁...မင်းဘက်ကိုတစ်ခါလှည့်ပြောလိုက်မယ်.....မင်းတာဝန်
ရှိတဲ့အချိန်..ငါ.တို့ နိုင်ငံသူနိုင်ငံသားတွေ...ေ၇လိုအေးပြီး..ပန်းလိုမွှေးအောင်....ကပ်ကြီးသုံးပါးကလွပ်
ကင်းအောင်....ရန်သူမျိုးငါးပါးဘေးမှကင်းဝေးအောင်..ရှင်းအောင်ပြောလိုက်မယ်....
မရှိသတင်း..မကောင်းသတင်းနားမှလေသံ မကြားရအောင်..မျှမျှတတနဲ့လူသားအားလုံးကိုစိတ်အေး
ချမ်းသာစွာနေနိုင်အောင်ကြိုးစားပြီးလုပ်ပေးလိုက်ပါ.......

Sunday 19 December 2010

ကကြီး ဒုတ်ထိုး အကြော်စုံ





အခုလို အေးလွန်းတဲ့ ရာသီမှာ လမ်းသွားရင်းဗိုက်ကဆာ အေးကအေးဆိုတော့ ပလပ်စတစ်တွေကာ
ပြီးရောင်းတဲ့ လမ်းဘေးက ဒုတ်ထိုး သူတို့အခေါ်ကတော့ အူတုံ လို့ခေါ်တာပါဘဲ..အသံထွက်ကွဲ
မယ်ထင်ပါရဲ့....အဲဒါဝယ်စား၊ ဂုပ် လို့ခေါ်တဲ.ပြုတ်ရည် ပူပူ လေးကိုသောက်လိုက် တော့မှ အချမ်းပြေ
သွားတယ်.....အူတုံ ကကျနော်တို့အခေါ်တော့အသားတု တွေပြုတ် ထားတာပါဘဲ..တစ်ချောင်းကို
ဝမ် ၅၀၀(အိုဘက်ဝမ်)ပေးရပါတယ်..တခြားအသားတွေနဲ့ဒုတ်ထိုးတွေလည်းရှိပါတယ်..ကြက်သား၊
ဝက်သားစုံလို့ပါ..အဲဒါတွေကတော.၀မ်၁၅၀၀၊၂၀၀၀အစားစားလေ..အဲဒါတွေကို ငံပြာရည်ငရုပ်သီး
စပ်ထားတဲ့အရည်နဲ့ တို့စားရပါတယ်.....ပြုတ်၇ည်ကတော့ စက္ကူ ခွက်လေးတွေနဲ့အလကားတိုက်တာ
ပေါ့......။တခြားမုန့်နှစ်ကပ်ပြီးကြော် ထားတဲ့ကဇွန်းဥ၊အာလူး၊ငရုပ်သီးအကြော်တွေလဲရှိသေးတယ်။
ကျနော့်စာမျက်နှာပေါ်ဒါတွေတင်ပေမယ်.
ကိုယ်တိုင်ကြိုက်တမ်းတတဲ့ အရာတွေက မြန်မာပြည်က အကြော်စုံ၊ဒုတ်ထိုးနဲ့မြန်မာ့ အစားအစာ
တွေသာဖြစ်ပါကြောင်း....................................

Saturday 11 December 2010

စိတ်ကျန်းမာကြပါစေ

ကျနော်အမြဲတစေ သွားရောက်ဖတ်လေ့ရှိတဲ့ weekly 11 ဂျာနယ်စာမျက်နှာမှာ လွန်ခဲ့သော
နှစ်ပါတ်လောက်က သတင်းလေးတစ်ပုဒ်ဖတ်ရပါတယ်..ခေါင်းစဉ်က
စိတ်ရောဂါကု ခံယူနေသူများတွင် နိုင်ငံခြား တွင်အလုပ်လုပ်ပြီးပြန်လည်ရောက်ရှိ လာသူအချို.လည်း
ပါဝင်လာ ဆိုပြီးရေးထားပါတယ်....ဒီသတင်းလေးရဲ့အောက်ကကောမန့်တွေမှာလည်း ရင်ဖွင့်ချက်တွေ
လည်းဖတ်ရပါတယ်....မိမိတိုင်းပြည်နဲ့ဝေးတဲ့နေ၇ာမှာအလုပ်လုပ်ကြသူတွေမှာ အားလုံးအဆင်ပြေနေ
တာမဟုတ်ပါဘူး.... ဒီသတင်းလေးကိုစာဖတ်သူတွေ ဖတ်လို့ရအောင်မျှဝေလိုက်ပါတယ်..........။

နေ့စဉ်ဘ၀များ၏ အရေးအကြီးဆုံးဖြစ်သော ကဏ္ဍကြီးလေးခုတွင် အဆင်မပြေမှုများကြောင့် စိတ်ရောဂါဖြစ်စေသည့် အကြောင်းရင်းများ ရှိလာခဲ့ကြရာ ယခုနောက်ပိုင်း စိတ်ရောဂါကုသမှု ခံယူနေသူများထဲတွင် ပိုမိုတွေ့ရှိလာရသည်မှာ နိုင်ငံ ခြားမှ ပြန်လည်ရောက်ရှိလာသူ အချို့ ပါဝင်လာကြောင်း သိရှိရပါသည်။

နိုင်ငံရပ်ခြားတွင် နှစ်ရှည်လများ အလုပ်လုပ်ကိုင်သော်လည်း ၀င်ငွေတိုးတက်မှု မရှိခြင်း၊ အနှိမ်ခံရခြင်းများနှင့် လုပ်သားအချင်းချင်း ခေါင်းပုံဖြတ်ခံရသော အကြောင်းတရားများကြောင့် ပြန်လာကြသူများထဲတွင် စိတ်ဖိစီးမှုများ များစွာရှိလာခဲ့ကြရာမှ စိတ်ရောဂါ စွဲကပ်ကာ ကုသမှုခံယူသူများ ရှိလာခဲ့သည်ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအုန်းမောင်က ပြောပြခဲ့သည်။

နိုင်ငံခြားမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများ များစွာရှိကြသော်လည်း ယင်းကဲ့သို့ စိတ်ရောဂါ ခံစားရသူ အချို့မှာ မူလပင်ကိုယ်စိတ် အခံများ၌ ပျော့ညံ့လွန်းသူများ၊ ကိုယ်ရေကိုယ်သွေးနိမ့်ကျကာ စိတ်ဖိစီးမှုဒဏ် မခံနိုင်သူများ၌ ယင်းဝေဒနာ များ ဖြစ်လာခဲ့ရကြောင်း သိရှိရပါသည်။

''အခု နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာကြတဲ့သူတွေထဲက ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်ကြပေမယ့် ကုသမှုခံယူဖို့ ရောက်လာသူတွေဟာ သူတို့ ဟိုဘက်နိုင်ငံတွေမှာ အရမ်းကို အဆင်မပြေမှုတွေ ရှိခဲ့ကြတယ်။ အဓိက ကတော့ စားဝတ်နေရေး ပြဿနာတွေအတွက် နည်းမျိုးစုံနဲ့ ဖြေရှင်းရင်းကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး စိတ်ရောဂါတွေ စဖြစ်လာတဲ့ လက္ခဏာတွေများတယ်''ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအုန်းမောင် ကရှင်းပြခဲ့သည်။

စိတ်ရောဂါ အထူးကုဆေးခန်းများသို့ ကုသရန် လာရောက်ကြသူ အများစုမှာ လူမှုဘ၀များ၌ အတွေးများလွန်း၍ ညစဉ်အိပ်မပျော်မှု များလာခြင်း၊ မျှော်လင့်ချက်များ ကုန်ဆုံးသကဲ့သို့ ခံစားရခြင်းမှ စိတ်ကျရောဂါ ဖြစ်လာခြင်းအပြင် အဆင်မပြေ မှုများကြောင့် သောကဖြစ်စရာများ နေ့စဉ်ကြုံတွေ့ခဲ့ရခြင်းမှ စိတ်ရောဂါ ဖြစ်၍ လာရောက်သူများစွာအား ကုသပေးနေရကြောင်း သိရှိရပါသည်။

''နိုင်ငံခြားမှာ အလုပ်လုပ်ရတယ်ဆိုတာ ငွေအဆင်ပြေဖို့ တစ်ခုတည်းအတွက် မိသားစုစွန့်ခွာပြီး သွားရတာဖြစ်လို့ နေ့စဉ်ဘ၀တွေမှာ အဆင်ပြေခြင်း၊ မပြေခြင်းကို မိမိဘာသာ ဖြေရှင်းယူရတာပါ။ စိတ်ဖိစီးမှု များလာလို့ ယုံယုံကြည်ကြည်နဲ့ ရင် ဖွင့်တိုင်ပင်စရာ ဘယ်သူမှ မရှိဘူး။ အဆင်မပြေတာတွေ များလာတော့ အထီးကျန်ဘ၀တွေကို စိတ်ကုန်လာပြီး စိတ်ထွက်ပေါက်မျိုးစုံ ရှာရင်းက ဘ၀ပျက်သွားတာမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ပင်ကိုယ် Personality ညံ့တာကြောင့် စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်ဘဲ မိမိနိုင်ငံကို ပြန်သွားရတာတွေလည်း ရှိတယ်''ဟု မလေးရှားနိုင်ငံရှိ စတီးစက်ရုံတွင် လုပ်ကိုင်နေသူ မ၀င်းစန္ဒာက စက်ရုံတွင် သူမကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်တစ်ခုအား ပြောပြခဲ့ပါသည်။

ထို့ကြောင့် ပြည်ပကုမ္ပဏီ အချို့က အလုပ်သမား စတင်ခေါ်ယူစဉ်မှပင် လုပ်သားတစ်ဦးစီ၏ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှု (Psycho Test) များဖြင့် ခေါ်ယူခဲ့သည့် ဖြစ်စဉ်များ ယခင်က ရှိခဲ့သည်ဟု သိရှိရသည်။

ယခုနောက်ပိုင်းတွင် အများဆုံး ကြုံတွေ့လာရသည့် စိတ်ရောဂါမှာ လူမှုဘ၀၌ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ရှိလာခြင်းမှ စိတ်ဖိစီးမှုဖြစ်ကာ စိတ်ကျရောဂါ ဖြစ်လာရခြင်း ဖြစ်ကြောင်း စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးက ဆိုပါသည်။

Tuesday 7 December 2010

ကုသိုလ်စိတ်






ဒီအပါတ် တနင်္ဂနွေ ကတော့ဟိုဟိုဒီဒီမသွားဖြစ်ပေမယ့်
ကျနော်တို့နေထိုင်ရာ နိုင်ငံကိုကြွရောက်လာတဲ့ ဆရာတော်ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်
ရဲ.တရားပွဲကိုတော့ဖြင့် ရောက်အောင်သွားမယ်..လို့စိတ်ထဲရှိခဲ့ပါတယ်.......
နေ့တစ်လူ..အပူသောကတွေနဲ့ လုံးချာလည်လိုက်နေတဲ့ စိတ်တွေဟာ ဆရာတော်ရဲ.တရားတော်
ကိုနာလိုက်ရတာနဲ့ အေးချမ်းခဲ့ပါတယ်.....
တရားနာပရိတ်သတ်များလှပါတယ်......ဆရာတော်ဟာဒီဇင်ဘာ၎ရက်နေ့ ကကြွရောက်ခဲ့ပြီး
ဒီဇင်ဘာ၅ရက်နေ့လည်မှာတရားဟောကြားတော်မူပြီး ညပိုင်းမှာမြန်မာနိုင်ငံကို ပြန်လည်ကြွချီ
သွားပါတယ်.....ကျနော်ဒီနိုင်ငံမှာအရှင်ဆေကိန္ဒ တရားပွဲကို ၃ကြိမ်တိုင် နာခဲ့ပြီးပါပြီ.....ဆရာတော်
ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရဲ့အဆုံး အမ တွေဟာ အင်မတန်မှ တန် ဖိုးရှိလှပါတယ်......
ဒီိတစ်ခါဟောကြား ခဲ့တဲ့ တရားတော်ကတော့ “ မ တူ ပေ မယ့် တူ ပါ တယ်” ဆိုတဲ့ တရားတော်ပါ။
တရားကိုတစ်ထိုင်တည်းနာပြီး သောတပန် မဖြစ်ခဲ့ပေမယ့်........“ကုသိုလ်စိတ်”တွေများစွာ ဖြစ်
ခဲ့ရပါတယ်.....ဆရာတော်ဘုရားသက်တော်ရာကျော် ရှည်ပြီး သာသနာ့အကျိုးမြောက်များစွာ
သယ်ပိုးနိုင်ပါစေလို့ တပည့် တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘု၇ား....။

Sunday 5 December 2010

မတူညီသော ယဉ်ကျေးမှု



ကျနော်ဒီနိုင်ငံမှာ အလုပ်လုပ်ရတဲ့အချိန်တွေမှာတစ်ခါတစ်လေလဲ..တစ်ချို.သော
အကြောင်းအရာတွေကိုစိတ်ထဲမှာချေ၇းဖို့ ရှိခဲ့ပါတယ်......
တိုက်ဆိုင်တာတွေ၊ အခံရခက်တာတွေ၊ဖိနှိပ်ခံရတဲ့အချိန် တွေမှာပိုဆိုးတာပေါ့။
ကိုရီးယားမှာ သူတို့နိုင်ငံသားတွေအားလုံးနီးပါး ကြိုက်တာကတော့ ဆေးလိပ်....
အရက်..သီချင်း..မိန်းမ..အဓိက၄မျိုးပါ။ ဒီနိုင်ငံမှာမိန်းမ၊ယောက်ကျားအကုန်အရက်
သောက်ကြပါတယ်...အခုလိုရာသီဆို ပိုဆိုးပေါ့။သူတို့အရပ်နဲ့သူတို့ဇတ် မှန်ပေမယ့်
အရက်မကြိုက်တဲ့မဖြစ်လို့သောက်ရတဲ့သူတွေအပေါ်ဆက်ဆံတဲ့ အပြုအမှုတွေက
ဆိုးလွန်းပါတယ်...ဒီနိုင်ငံမှာ...ဆိုဂျူးဆိုတဲ့ သူတို့နိုင်ငံထုတ်အရက်ကိုသမ္မတကအစ
လမ်းဘေးသူတောင်းစား အဆုံး နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ရှိစေတော့......
ကိုရီးယားကိုရောက်လာတဲ့ကျနော်တို့မြန်မာတွေက အအေးဒဏ်ခံနိုင်ဖို့၊ပင်ပန်းလို့
တချို.လည်းကြိုက်လို့အစရှိသဖြင့်သောက်ကြပါတယ်...ဂုဏ်ယူစရာမဟုတ်တာကို
မင်းဘယ်နှစ်လုံးသောက်နိုင်လဲ..ငါဘယ်နှစ်လုံးသောက်နိုင်တယ်လို့တောင်ဂုဏ်ယူ
နေကြပါပြီ.....မြန်မာပြည်အပြီးပြန်သူတချို.အရက်စွဲရောဂါ ပါသွားကြပါတယ်။
ကိုရီးယားရောဂါကူးစက်နေတဲ့မြန်မာပြည်ကိုတောင်...ပစ္စည်းပို့မယ့်ကွန်တိန်နာတစ်
ဝက်ကျော်နေရာမှာဆိုဂျူး(အရက်ဖါ)တွေကနေရာယူထားကြပါပြီ။ကျနော်မြန်မာပြည်
ပြန်စဉ်အချိန်ပြင်ဦးလွင်မြို.ကစတိုး ဆိုင်တစ်ခုမှာ ဆိုဂျူးတင်ထားလို့ဈေးမေးကြည့်
တော့အစစ်ယူမလား၊အတုယူမလားတဲ့.....အဲဒီလောက်ထိ
ကဲပြောချင်တာတွေကတခြားရောက်ကုန်ပြီဆက်၇အောင်..နေ့စဉ်အလုပ်ထဲမှာပင်
ပန်းတာတွေရှိလို့အလုပ်သိမ်းချိန်တွေမှာ အမြန်ဆုံးသာအနားယူလိုပါတယ်...ကိုရီး
ယားသားမောင်မင်းကြီးသားအရက်သမားတွေဟာနားလည်မှုမရှိ...အားနာတာကို
အခွင့်ကောင်းယူပြီးအရက်သောက်ဖို့စကြတယ်..အတင်းတိုက်တယ်..သူတို့အလိုကျ
ဖြစ်အောင်မလုပ်ရင်တနည်းနည်းနဲ့အလုပ်မှာပြသနာရှာကြတယ်...သူတို့အ၇က်ယဉ်
ကျေးမှုကတစ်မျိုးလေ...နေရာတိုင်းဒီလိုချည်းလားလို့တော.မဆိုလိုပါဘူး..ဒါပေမယ့်
အတော်များများပါ...တစ်နေ့တာပင်ပန်းတာတွေထဲမှာစိတ်ပင်ပန်း၊လူပင်ပန်းဆိုတာ
တွေကိုနှစ်အတော်ကြာဖြတ်သန်းခဲ့ကြလို့ ဖေါ်ပြလိုမရတဲ့ဝေဒနာတွေကတစ်နေရာ
ရာမှာရှိနေကြပါတယ်...မဖြစ်လို့အရက်တစ်ဝိုင်းထဲသောက်နေရပေမယ့်...စိတ်ကတစ်
နေရာမှာပါ...အပြန်အလှန်အရက်ထည့်ပေးရ...ကိုယ်ကမထည်.ပေးရင်မသိ၇ကောင်း
လားလို့ပြောခံရ.....သူတို့အရက်ကိုရေလိုသောက်နိုင်ပေမယ့်မသောက်နိုင်တဲ့သူတွေ
အတွက်အတော်အခံ၇ခက်ပါတယ်.....ညကိုသေအောင်သောက်..မနက်ကိုမူးမူးရူးရူး
နဲ့အလုပ်ထဲမှာပြသနာရှာတဲ့သူတို့ရဲ.ထုံးစံကိုသူတို့လူမျိုးတွေကမသိချင်ရောင်ဆောင်
ကြပေမယ့်နိုင်ငံခြားသားအလုပ်သမားတွေကိုရစ်လို့ရန်ဖြစ်ဆေးရုံရောက်...နစ်နာတာ
က..အလုပ်သမားတွေပါ....ပြောချင်တာလေးတွေတစ်စခန်းရပ်ပြီး..........
အားလုံးအဆင်ပြေချောမွေ့ပါစေလို့သာ ဆုတောင်းလိုက်ပါတယ်........။

Wednesday 1 December 2010

နှစ်၉၀ ပြည့် အမျိုးသားနေ့


ဒီနေ.ကတော့၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလပြည်.ကျော် (၁၀) ရက် ကျနော်တို့ မြန်မာနိုင်ငံ ရဲ.နှစ် (၉၀)ပြည်. အမျိုးသားနေ့ ဖြစ်ပါတယ်။ အမျိုးသားနေ.စတင်ဖြစ်ပေါ်လာတဲ့ အချိန်ကာလဟာ
နယ်ချဲ.တို့က ကျူးကျော်စစ်ဆင်နွဲပြီး မြန်မာနိုင်ငံကိုသိမ်းပိုက်ကြီးစိုးထားချိန်ကဖြစ်ပါတယ်။
ကိုလိုနီနယ်ချဲ.တို.လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသောရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ပြီး
ကောင်းမွန်သောအမျိုးသားပညာရေးစနစ်ကိုတောင်းဆိုရာမှစတင်ပြီးအမျိုးသားနေ့ဖြစ်ပေါ်လာခဲ့ပါတယ်။
နယ်ချဲ.ကိုလိုနီတို့ကလွန်ခဲ့သောနှစ်ပေါင်း၉၀ကျော်ကာလကမြန်မာပြည်တွင် ၇န်ကုန်တက္ကသိုလ်ကိုထူထောင်ပေးခဲ.ပါတယ်..သို့သော်သူတို့ရဲ.ကိုလိုနီပညာရေးမှာတိုင်းရင်းသားပြည်သူ
များကိုအဆင့်မြင့်ပညာသင်ကြားခွင့်ကန့်သတ်ပြီးသူတို့အလိုကျပုံသွင်းထားသည်.ပညာရေးစနစ်သာဖြစ်ခဲ့
ပါတယ်.....နယ်ချဲ.အင်္ဂလိပ်တို့ဟာ၁၉၂၀ပြည်.နှစ်ဒီဇင်ဘာလ ၁ရက်နေ့မှာရန်ကုန်တက္ကသိုလ်အက်ဥပဒေ
ကိုပြဋ္ဌာန်းခဲ့ပါတယ်။
မျိုးချစ်စိတ်ထက်သန်သည်.လူငယ်ကျောင်းသာများကအဆိုပါ ဥပဒေကိုဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ထိုသို့ဆန့်ကျင်ရာမှအစပြုပြီးနယ်ချဲ.တို့၏ဖိနှိပ်ချုပ်ချယ်မှုကိုပါဆန့်ကျင်နိုင်ခဲ့သည်.အမျိုးသားရေးလှုပ်ရှား
မှုကြီးပေါ်ပေါက်ခဲ့ကြောင်းလေ့လာသိရှိမှတ်သားခဲ့၇ပါတယ်....အဆိုပါအမျိုးသားရေးလှုပ်ရှားမှုကြီးစတင်ခဲ့
တဲ့၁၂၈၂ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်နေ.ကိုမြန်မာနိုင်ငံရဲ.အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ထိုလှုပ်ရှားမှုကြီးမှလွတ်လပ်ရေးရယူနိုင်ခဲ့သည်အထိကြီးကျယ်ပျံနှံခဲ့ပါတယ်။
ကိုလိုနီပညာရေးကိုဆန့်ကျင်ပြီးကောင်းမွန်တိုးတက်သောတက္ကသိုလ်ပညာရေးစနစ်ကိုတောင်းဆိုခဲ့သော
နေ့တစ်နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်နေ့ အမျိုးသားနေ့ကို ကျနော်တို့ မြန်မာပြည်သူ
ပြည်သားတွေအနေနဲ့ မမေ့ကြဘဲ မျိုးချစ်စိတ်၇ှင်သန်ထက်မြက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Related Posts Plugin for WordPress, Blogger...