မေတ္တာ တရားကိုပွားများခြင်းသည် အကျိုးစီးပွားကို အလိုရှိသူတို.အတွက် လည်းကောင်း၊
အလိုမရှိသူတို.အတွက်လည်းကောင်း...ကုသိုလ်ကျေးဇူးကိုဆောင်ရွက်နိုင်၏
လူတိုင်းလူတိုင်းသည်...အာနိသင်ကြီးမားသော မေတ္တာ ပွားများခြင်းကို ကောင်းစွာမှီဝဲအပ်၏။
မိလိန္ဒပဉ္ဇာ၊မေတ္တာဘာဝနာ နိသံသ ၁၉၇
မေတ္တာ သည် ရန်ကင်းငြိမ်း၏
အကြင်သူသည် သတ္တ၀ါ အားလုံး တို.အပေါ်တွင် မေတ္တာစိတ်အဖို.အစု ရှိသည် ဖြစ်သောသောကြောင်.
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှင်းဆဲ..သူတစ်ပါးကိုယ်လည်း မသတ်ဖြတ်စေ..
မိမိကိုယ်တိုင်လည်း အနိုင်မယူ သူတစ်ပါးကိုယ်လည်းအနိုင်မကျင်.စေ
ထို မေတ္တာ ပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန် ဟူသမျှမရှိနိုင်ပေ
( အင်္ဂုတ္တိုရ် ပါဋ္ဌိတော်၊ ပထမတွဲ မေတ္တာသုတ်- ၄၄၃)
Friday, 25 June 2010
Friday, 18 June 2010
ကကြီးရေးသေးသေးတင်=

ကုသိုလ်ကောင်းမှု နေ.စဉ် ပြုပြီး ရခဲလှတဲ. လူ.ဘ၀မှာအဆင်ပြေအောင်နေထိုင်နိုင်ဖို.ဆိုတာ
အရေးကြီးဆုံးအ၇ာတစ်ခုလို.ဆိုပါစို.
နံနက်မိုးသောက်ကစလို. ညနေနေ၀င်ချိန်တဲ.အထိသွားလာလှုပ်ရှားနေကြတဲ.ဘ၀တွေမှာ ကံကံ၏
အကျိုး ကို သက်ဝင်ယုံကြည်ကြသလို...ကံထမ်း လာတာမမြင်ရလှံထမ်း လာတာမြင်ရတယ်..ကံကိုယုံပြီး
ဆူးပုံမနင်းနဲ့ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ စသည်ဖြင့်ကံနဲ့ပါတ်သက်ပြီး ကျနော်တို့တွေ ပြောကြ ဆိုကြတာတွေရှိပါတယ်...
ကုသိုလ်ကံအကျိုးပေး လို.အဆင်ပြေတဲ. သူတွေရှိ ကြ သလို...ကံအကြောင်းမလှလို. ဆုံးရှုံးကြ နစ်နာကြ
တဲ.သူတွေလဲ ရှိကြပါတယ်....ကဲ.. ကံကောင်းအောင်ဘာတွေလုပ်ကြမလဲ
၁. လောဘဒေါသမောဟတွေ ကိုလျှော. ပြီး စိတ်ကောင်းမွေးကြမလား
၂. ကုသိုလ် ကောင်းမှုနေ.စဉ်ပြုပြီး တရားဓမ္မ ဘက်လိုက်ကြမလား
၃.ဖြစ်သမျှအကြောင်း အကောင်းပဲ လို. ထားလိုက်တော.မလား
လူသား အားလုံး ကံကောင်း ကြ ပါေ စ...................
Wednesday, 2 June 2010
မှတ်သားစရာ

ကုသိုလ်ကံကြောင်.ကောင်းတဲ.
သုဂတိဘ၀ရောက်မယ်။
အကုသိုလ်ကံကြောင့်မကောင်းတဲ့
ဒုဂ္ဂတိဘ၀ရောက်မယ်။
ဘယ်ဘ၀ပဲရောက်ေ၇ာက်
ရောက်ရာဘ၀မှာ
သေရမှာဖြစ်တဲ.အတွက်
ဘ၀အသစ်ထပ်ဖြစ်စေတဲ့
ကုသိုလ်ကံ၊အကုသိုလ်ကံ
ကံမှန်သမျှကို
မာ၇ =မာရ် လို. ခေါ် ပါ တယ်။
အချစ်ဆိုတာ နှလုံးသားနဲ့ ဘ ၀ကို
သတ်ဖြတ် ဖျက် ဆီး ပြစ် တတ် တဲ့
မာရ် နတ် တစ် ပါး ပါ ပဲ။
ဖြူ စင် သန့် ရှင်း အေး ချမ်း ကြည် လင် တဲ့
စိတ် ဓါတ် တွေ၊အ ကန်. အ သတ် မဲ့
ဘ ၀ တိုးတက် မှုတွေ ကိုနှောင့် နှေး ရပ် တန့်
ချုပ်ဆုံး သွား စေ တဲ့ အရာ ဟာ
အ ချစ် ပါ ပဲ......။
(ဆရာတော် အ ရှင် ဆ န္ဒာဓိ က)
Subscribe to:
Posts (Atom)